Wednesday, November 23, 2011

မြန်မာဘာသာသုံး ကွန်ပြူတာစနစ် သာလွန် OS အသစ်ထွက်

ကွန်ပြူတာထဲမှာ ထည့်သွင်းသုံးစွဲတဲ့ ဘာသာစကားတွေနဲ့ ပတ်သက်ပြီး ကျနော် လက်လှမ်းမှီခဲ့သလောက် ပြောကြည့်ပါဦးမယ် ၊ ဟိုးအရင် ကွန်ပြူတာတွေ ပေါ်စဦးတုန်းက ကွန်ပြူတာဆိုတာ အင်္ဂလိပ်ဘာသာသုံး စနစ်တွေချည်းပေါ့ နောက်တော့ CD ကနေ font ကို install လုပ်ပြီး မြန်မာစာလုံးတွေ ရိုက်နိုင် ၊ print လုပ်နိုင်လာတယ် ၊ ပြီးတော့ အင်တာနက်တွေလည်း ပေါ်လာရော အင်တာနက် စာမျက်နှာတွေပေါ်မှာ မြန်မာစာလုံးတွေ ဖတ်နိုင်လာတယ် ၊ font သွင်းပေးတဲ့ program ကိုလည်း အင်တာနက်ကနေ ဆွဲချပြီး install လုပ်လာနိုင်သလို System ထဲက ဟိုနေရာ ဒီနေရာ နည်းနည်းပါးပါးလေးမှာ မြန်မာလို ကလိနိုင်လာတယ် ၊ ဆက်တိုက်ဆိုသလိုပဲ မြန်မာဘာသာသုံး Office software ဖြစ်တဲ့ OpenOffice ဆိုတာကို တွေ့မိတယ် ၊ Mozilla firefox မြန်မာ version ထွက်လာတယ် ၊ မြန်မာဘာသာသုံး program လေးတွေထွက်လာတယ် ၊ ဘာပဲထွက်ထွက် မြန်မာလိုထွက်လာရင် ကျနော်ကတော့ ပျော်တာပဲ ၊ မြန်မာလိုက ရှားရှားပါးပါး မဟုတ်လား ။ 

အဲလိုနဲ့ တခြာနိုင်ငံတွေ ဘယ်လိုများရှိမလဲ စပ်စုကြည့်မိတော့ တော်တော်များများက ကွန်ပြူတာကို သူတို့ဘာသာစကားနဲ့ သုံးနိုင်နေကြပြီ ၊ အများစုကတော့ Windows version တွေပေါ့ ၊ ဒါနဲ့ Linux မှာကော ဘယ်လိုရှိမလဲ ထပ်ကြည့်ပြန်တော့ Linux လည်း သူတို့ဘာသာနဲ့ စောစောကြီးကတည်းက ရှိနေပြီ ၊ အဲလိုပဲ Mac OS မှာလည်း ရှိတာပဲ ။ အဲဒါနဲ့ ငါတို့ မြန်မာ ဘာသာနဲ့ OS တစ်ခုခု ရှိလာရင် ကောင်းမယ်လို့ မျှော်လင့်နေခဲ့မိပါတယ် ။ 

ဟော.. အခုတော့ မြန်မာဘာသာသုံး OS တစ်ခု အသစ်ထွက်လာပါပြီ Tharlon OS တဲ့ ၊ ကျနော် တော်တော်လေး ပျော်ပြီး ကျေနပ်သွားတယ် ၊ ပြစရာ မြန်မာဘာသာနဲ့ OS တစ်ခုရှိလာလို့ပါ ၊ (၁၁.၁၁.၁၁) ဆိုတဲ့ တစ်ခြောက်လုံးနေ့က မိတ်ဆက်ပွဲလုပ်သတဲ့ ၊ အဲဒါက ၂၀၁၀ အောက်တိုဘာလက ထွက်တဲ့ Linux Ubuntu 10.10 ကို အခြေခံပြီး မြန်မာမူလုပ်ထားတာပါ ၊ မူရင်း Ubuntu version ကတော့ 11.04 နဲ့ 11.10 နှစ်ခု ထပ်ထွက်ပြီးပါပြီ ၊ နောက်ဆိုရင်တော့ သူ့ version နဲ့အတူ အမှီလိုက်နိုင်သွားမှာပါ ။ သာလွန်ရဲ့ မိခင် website ကိုလည်း သွားကြည့်နိုင်ပါတယ် ၊

အဲဒီမှာ OS CD သို့ DVD လုပ်ဖို့ System image ကို download ဆွဲလို့ရပါတယ် ၊ ဒေဂူးဝန်းကျင်မှ သူငယ်ချင်းများက Windows စနစ်နဲ့ နှစ်ခုတွဲထားပြီး စမ်းသုံးကြည့်ချင်တယ်ဆိုရင် ကျနော် မောင်းပေးနိုင်ပါတယ် ၊ မြန်မာဘာသာနဲ့မို့ လေ့လာထားသင့်တယ်လို့ ထင်မိပါတယ် သို့သော်လည်း Windows ကို သုံးနေကျနေသူတွေ အတွက်ကတော့ Ubuntu ရဲ့ ကိုယ်ပွါးဟာ အသစ်လိုဖြစ်နေမှာရယ် ၊ အဲဒီမှာယူနီကုဒ်ဖောင့်ကိုပဲ သုံးထာတော့ ဇော်ဂျီဖောင့် သုံးမရတာရယ် ၊ Windows မှာသုံးနေကျတဲ့ program တွေကို တိုက်ရိုက် run လို့မရတာရယ် ၊ အဲဒါတွေက ကသိကအောင့် ဖြစ်နေနိုင်ပါတယ် ။ 

Ubuntu ကိုသုံးဖူးသူတွေကတော့ Windows မှာလို Virus အတွက် ခေါင်းမစားတာ ၊ Desktop effect တွေလန်းတာ ၊ (၆) လတစ်ကြီမ် version အသစ်တွေကို လွယ်လွယ်ပြောင်းသုံးလို့ရတာ ၊ hacking အပိုင်းတွေမှာ ဆရာကျတာ ၊ Memory အသုံးနည်းတဲ့ အတွက် စက်အဟောင်းတွေမှာလည်း ကောင်းကောင်းပြေးတာ ၊ Windows မှာလို ဖိုင်တွေ Defragment (ဖိုင်တွေပျံ့ကြဲမှု) မဖြစ်လို့ ကြာရင် စက်နှေးမသွားတာ ၊ Linux ဟာ opensource ဖြစ်တဲ့အတွက် မြန်မာဘာသာနဲ့ software တော်တော်များများ ထွက်လာမှာ စတဲ့..စတဲ့ ကောင်းကွက်တွေလည်း ရှိတာကြောင့် အကြိုက်တွေ့မှာပါ ၊ အဲဒါကြောင့်ပဲ Windows ကိုလက်မလွတ်ပဲ တွဲသုံးကြည့်ဖို့ ပြောတာပေါ့ ။ 

ကျနော်လည်း သာလွန်စနစ် အတွက် အသုံးတည့်မယ်ထင်တဲ့ လုပ်နည်းကိုင်နည်း သုံးစွဲနည်းလေးတွေ ရေးပါဦးမယ် ။ ကဲ အခုတော့ သူငယ်ချင်းတဲ့ စက်ထဲ သာလွန်ကို ဆွဲထည့်ထားလိုက်ပါဦး ။

0 comments:

Recent Posts Widget | Webaholic

RECENTS POSTS..........

Grab this Widget

 
3 Columns Blogger Template by Amanda at BloggerBuster